စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
Sunday, September 1, 2013
Password crack
အမှန်တိုင်းဝန်ခဲရရင်တော့ကျွန်တော်လည်းတစ်ခါမှတော့ မစမ်းဖူးပါဘူး ဒါပေမယ့် လေ့လာဖူးတာလေးကိုတော့
နင်ပေးလိုက်ပါတယ် ကျွန်တော် သိတဲ့ password crack နည်းထဲမှာတော့ သုံးနည်းပဲရှိပါတယ။
ပြီတော့ကျွန် တော်ဒီပို့ကို Cracker အတွက်ရော User အတွက်ကောပါ ရည်ရွယ်ပြီးတော့ တင်ပေးလိုက်ပါတယ
(1)Dictionary attack
ကြားဖူးကြမှာပါ ဒီနည်းကတော့  password ကို Dictionary ထဲက စာလုံးတွေအတိုင်းထားတယ်ဆိုရင်တော့
အညံ့ဆုံး Password လို့ဆိုရမှာပါ။(ဥပမာ  hacker ,password လို့ပြန်ထားတဲ့လူတွေလည်းရှိပါတယ် )
ဒီနည်းအတိုင်းထားတယ်ဆိုရင်တော့ Cracker တွေအတွက်တော့ လွတ်ကောင်းတာပေါ့ ရာနှုန်းပြည့်
Crack လို့ရတဲ့ password လို့ပြောရမှာပေါ့ ။ User တွေအတွက်ကတော့  ကိုယ့် Password  Crack ခံရဖို့ ဖြစ်နိုင်ပါတယ်
(2)Number Crack
အပေါ်က ပိုဆိုးတဲ့  User တွေအတွက်ကတော့ Password ကို နံပတ် ချည်းထားတဲ့လူတွေပါ ။Crack တွေအတွက်အရမ်းလွယ်တဲ့
Password ဖြစ်သလို User တွေအတွက်တော့ တော်တော်လေးကို မထားသင့်တဲ့ Password လို့ပြောချင်ပါတယ်
အထူးသဖြင့် ကတော့ Password ကိုမိမိဖုန်းနံပတ် အပြည့်အစုံထားတဲ့ လူတွေထက်ညံ့တဲ့ Password အမျိုးအစားမရှိတော့ဘူးလို့တော့ပြောချင်ပါတယ်။
နံပတ် ကလေးလုံးကနေ ရှစ်လုံးဆိုရင် Crack တွေအတွက်တော့ သုံးမိနစ် ကနေ အလွန်ဆုံး နာရီဝက်ထိပဲကြာပါတယ်။
(၃)Brute-force cracking
ဒီနည်းကတော့ စိတ်အရှည်ရဆုံးနည်းတစ်ခုပါ အသုံးလဲတကယ်ဝင်ပါတယ် ။ဒီနည်းကိုသုံးဖို့အတွက်ကတော့
 world list & Brute-force cracking toolကိုလိုအပ်ပါတယ် ။ဒီနည်းကတော့ password ကို စာလုံးနဲ့ နံပတ် တွဲ တဲ့ Password တွေအတွက်ပါ။(ဥပမာ  chitthu1500 မျိုးပါ)
  ဒီမှာ  worldlist ကို နည်းနည်းရှင်းပြချင်ပါတယ်။Wordlist ကတော့ မိမိ Crack မယ့်အကောင့် Password က Wordlist ထဲမှာပါရှိရပါမယ်။ဒါမှလည်း
ကိုယ်ကCrack လို့ ရမှာပါ။ ဒီလိုပါပဲ User တွေကလည်း မိမိ Password တွေကို Worldlist ထဲမှာမပါလောက်မယ့်ထင်တဲ့ စာသားကိုရွေးသင့်တယ်လို့ထင်ပါတယ်။
 ကာကွယ်နည်း
Passworld ကိုလုံခြုံ မှုရှိအောင်ထားပါ။
ဒီလိုဆိုရင် password ကိုဘယ်လိုလုံခြုံအောင်ထားရမလဲ ဘယ်လောက်ထားမှလုံခြုံမှာလဲ ။မေးစရာတွေရှိလာပါတယ်
အားလုံးကတော့ ရှည်ရှည်ထားဖို့လိုတယ်လို့ထင်ကြတယ်။ ကျွန်တော်သိသလောက်တော့မလိုပါဘူး။အဓိက
အရေးကြီးတာကတော့
  ၁။စာလုံးအသေးပါရမယ် (abcdef.........)
  ၂။စာလုံးအကြီးပါရမယ်   (ABCDEF.......)
  ၃။နံပတ်ပါရမယ်            (၁၂၃၄၅၆......)
  ၄။သင်္ကေတ ပါရမယ်      (@#$%&*....)
  ၅။ အကောင်းဆုံးကတော့  spacebar ပါထည့်ပေးရင်ကောင်းပါတယ်
  ၆။ ၁၇ လုံးဆိုရင် တော့ တော်တော်လေးကိုလံလောက်ပါပြီး။အားလုံးပါဖို့တော့ လိုပါတယ်။
အားနည်းတဲ့ Password က User တွေအတွက် သေချာပေါက် crack ခံရနိုင်သလိုပါပဲ Attacker တွေအတွက်တော့
၈၀% နှုန်း Attack ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
                  အားလုံးအဆင်ပြေပါစေ .........
Friday, August 30, 2013
Hotmail ဘယ်လိုHacking
ကျွန်တော့်ကို သူငယ်ချင်းတွေ Hotmail ဘယ်လိုHack ရမလဲဆိုတာကို မေးနေလို့ ကျွန်တော်သိတဲ့နည်းလေးနဲ့ ပဲ
ပြောပြလိုက်ပါတယ်။ ခုထိအလုပ်ဖြစ်သေးလားတော့ကျွန်တော်လည်း မသိတော့ပါဘူး။ စမ်းကြည့်ကြပေါ့ ။
ကျွန်တော့် အကောင့်ကိုတော့ ချမ်းသာပေးပါရင်
ကျွန်တော် ပြောပြမယ့် နည်းကတော့ Software သုံးရမှာပါ ။ Software ကိုတော့ဒေါင်းလိုက်ပါ ။
ပြီိးရင်တော့ အောက်ကအဆင့်တွေအတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်သွားလိုက်ပါ ။
၁.ကျွန်တော်တင်ထားပေးတဲ့ software RAR ကို အရင်ဖြည်လိုက်ပါ။
၂.ပြီးတော့ Hotmail Hacker Builder.exe ဖိုင်ကို သင့် ကွန်ပျူတာပေါ်တွင် Run လိုက်ပါ ။
၃.ပြီးတော့  သင့်  email address နဲ့ password ကိုထည့် ပြီးတော့ သင် လိုချင်တဲ့ email ကိုထည့်လိုက်ပါ။
  ကျွန်တော် ဆန္ဒပြုချင်တာတစ်ခုရှိပါတယ်။ သင့် email address နဲ့ password ကိုထည့်မယ်ဆိုရင်
  အကောင့်အသစ်တစ်ခုဖွင့်ပြီးတော့ လုပ်စေချင်ပါတယ် ။ဘာဖြစ်လည်းဆိုတော့ တစ်ချို့ Software တွေက
  သူများအကောင့်ကိုသာလိုချင်ပြီးတော့ ကိုယ့်အကောင့်ကိုပေးမှန်းမသိပေးမိအောင်လုပ်ထားတဲ့ Software တွေကပိုပေါနေလို့ပါ။
  ဒီSoftware ကလဲ အဲလိုဟုတ်လားတော့ ကျွန်တော်လည်း မပြောတတ်ဘူး ။ဘာဖြစ်လို့လည်းဆိုတောကျွန်တော်လည်း
  ကိုယ်ပိုင်မရေးတတ်သေးလို့ပါ။ပြီးတော့ သင် Gmail နဲ့  Yahoo mail  ကိုသုံးလို့ ရပါတယ်။ ဒါပေမယ့် Hotmail accountကိုတော့ ရှောင်စေချင်ပါတယ်။
  ဘာဖြစ်လို့လည်းဆိုတော့အဲဒီမေးက သင် Hackချင်တဲ့ password နဲ့အမျိုးအစား တူနေလို့ပါ။
  ပြီးတော့ သင့်တော်တဲ့ smtp server address ကိုရွေးရမှာပါ။
  အလကားသုံးလို့ရတဲ့ smtp server address 587 ကတော့ Gmail ပါပဲ။
  ပြီးတော့ သင်  smtp server addresses  ကို Google မှာလည်းရှာလို့ရပါတယ်။ serverထိုင်မှသာ သူData တွေသင့် Mail ထဲကိုပြန်ရောက်အောင်ပို့နိုင်မှာဖြစ်သလို
  သင်ရေးမယ့် message အတု (fake) ကလည်း အလုပ်လုပ် လို့ရမှာပါ ။
  ပြီးတော့  message အတု (fake) ကိုလည်းရေးပေးရမှာပါ ။ ဥပမာ သူ့ကို Facebook ကနေ Sign Up လုပ်ဖို့ message ပို့ သလိုမျိုးပေါ့။ ဒါဆိုရင်သင့် (fake)
က Facebook sign up ပုံစံရေးပေရမှာပါ။
၎.ပြီးရင်"Build" ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်သင် က သင့်ကိုယ်ပိုင် Hotmail hacker ကို
  Hotmail hacker ဖိုင်ထဲမှာ ဖန်းတီးပြီးသားဖြစ်မှာပါ။
၅.ပြီိးရင် ဒီအချက်ကတော့ သင့်အပေါ်မှာ အများကြီး မူတည်သွားပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့
  သင်ပို့တဲ့ဖိုင်ကို သင့်သားကောင်က သူ့ကွန်ပျုတာပေါ်မှာ Run ဖို့လိုလို့ပါ။ Social Engineering နည်းကိုပြန်ပြီးတော့သုံးရမှာပါ။
  တကယ်လို့သာ သူ့ကို Run နိုင်အောင်သာ သင်စည်းရုံးနိုင်မယ်ဆိုရင်တော့ သင် အောင်မြင်ပါပြီ။
   ဒီprogram က သင်လိုချင်တဲ့  hotmail password ကိုရအောင်စွမ်းဆောင်နိုင်ပါတယ်
၆. ပြီးတောက သင်ရေးထားတဲ့ စာမျက်နှာအတု ထဲကို သူ့ရဲ့ Hotmail ID နဲ့ password
   ကိုထည့်ခိုင်းလိုက်ပါ။ ထည့်ချင်လာအောင် ကို ဆွဲဆောင်ရမှုာတော့ သင့် (fake ) ပေါ်မှာ မူတည်ပါတယ်။
၇.ဒီအဆင့်ရောက်ရင်တော့ သင့် အကောင့်ထဲကို သင်သုံးထားတဲ့ Sever ကနေပြီးတော့  Email ရောက်လာပါလိမ့်မယ်။ သူ့password
   ပါတဲ့ email ၊ သူ့password ရပြီဆိုရင်တော့ သင် ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။
အောက်ကနေဒေါင်းလိုက်ပါ
Download here:
http://www.mediafire.com/download.php?zjogjlw0ndm
Friday, June 14, 2013
Hacker ဆိုသည်မှာ
   ၁။ (က) Hacker ဆိုသည်မှာ
   Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security
 နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော
ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။
   အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင်
ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ
 ဖြစ်သည်။
   White Hat
   White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း
 ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။
   Black Hat
   Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏
Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း
စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။
   Grey Hat
   Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို
အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။
*********************************************************************
   ၁။ (ခ) Hacker အဆင့်အတန်းများ
   Script Kiddies
   Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့်
Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို
မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။
   Intermediate Hacker
   Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ
 အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို
ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။
  Elite Hacker
   နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။
Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။
****************************************************************************
   ၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်
   လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။
**************************************************
   ၂။ Password အကြောင်းသိကောင်းစရာ
   Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို
အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊
ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊
ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password
စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။
   ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊
အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။
   Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း
   Social Engineering
   အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊
အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့်
အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။
   မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker
 ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။
   အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊
 ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။
   Shoulder Surfing Attack
   Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။
 ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊
ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။
   Guessing Attack
   များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊
တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး
အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။
   Dictionary Attack
   Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊
 Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။
 လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။
   Brute Force Attacks
   Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters
(@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။
Sunday, June 9, 2013
(Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ) ----------------------------------------------------------------------
ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင်
ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။
ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀
နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့်
ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး
ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး
သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး
ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက်
တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ
စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ
လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy
တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့
သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင်
ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို
မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်လုပ်တဲ့ လှည့်စားမှုဆိုတာ
လူတိုင်းခံစားမိမှာပါ။
ဒီလိုပါပ Trojan Horseထဲ မှာလည်းသင့်ရန်သူတွေကိုထည့်ပြီးတော့ သင့်ကွန်ပြူတာထဲကို သင်ကိုယ်တိုင်ထည့်အောင် အမျိုးမျိုး  ကိုဖန်တီးထားပါတယ်
။ ကွန်ပျုတာစနစ်တော်တော်များများကို ချိုးဖောက်ပေးဖို့ကူညီတာက ဒီ Trojan Horse Program လေးတွေပါ။ Trojans တွေဟာ
တစ်ပတ်မှာရာနဲ့ချီပြီး ထွက်ရှိနေတာပါ။ ထက်ထွက်လာတဲ့ program တွေကလဲ
အရင်ထက် ပိုပြီးကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။ Trojans တော်တော်များက
Windows based PCs တွေကို တိုက်ခိုက်ဖို့ ဦးစားပေးရေးထားကြတာပါ။
Trojan ဆိုတာ ဟက်ကာတွေကို မိမိ ကွန်ပျုတာကို
လုံးဝထိန်းချုပ်နိုင်ခွင့်ပေးတဲ့ Program သေးသေးလေးတစ်ခုပါပဲ။ Trojan ဆိုတာ
တစ်ကယ်တမ်းတော့ သူ့ဘာသာသူ နေရင် အန္တရာယ်မပေးနိုင်တဲ့ Program ပါ။ ဒါပေမဲ့
ပျက်ဆီးဖို့အတွက် အများကြီးကူညီပေးပါတယ်။
Trojans တွေလုပ်ဆောင်ပေးနိုင်တဲ့ အဓိကထင်ရှားတဲ့ လုပ်ငန်း ၆ ရပ်က
[list=1]
    Remote Accessing (မိမိဧ။်ကွန်ပျုတာကို တစ်ခြားအသုံးပြုသူအတွက် အဝေးတစ်နေရာမှ အသုံးချနိုင်အောင်ပြုလုပ်ပေးခြင်း)
    Data Destruction (အချက်အလက်များ ဖျက်ဆီးပစ်ခြင်း)
    Downloader (မိမိဧ။် ကွန်ပျုတာပေါ်မှ အချက်အလက်များကို တစ်ခြားတစ်နေရာသို့ ပေးပို့နိုင်ရင် ကူညီပေးခြင်း) မှတ်ချက် - သားကောင်ဖက်ဆိုရင် Uploader
    သဘောဖြစ်ပြီး၊ ဟက်ကာဖက်က Downloader သဘောပါ။
    Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
    Security Software Disabler (မိမိဧ။် ကွန်ပျုတာပေါ်မှာ လုံခြုံရေးအတိုင်းအတာများကို အလုပ်မလုပ်ရန်ပြုလုပ်ခြင်း)
    Denial of Service attack (DoS) (မိမိဧ။် ကွန်ပျုတာမှ တစ်ခြား ကွန်ရက်ပေါ်မှ ကွန်ပျုတာများကို DoS attack ဖြင့်တိုက်ခိုက်ခြင်း) မှတ်ချက် -
    ဟက်ကာတစ်ယောက်ဟာ သူဧ။် ထိန်းချုပ်မှုအောက်မှ သားကောင်များကိုအသုံးပြု၍
    တစ်ခြားကွန်ရက်ကို တိုက်ခိုက်ရာတွင် အသုံးပြုပါသည်။ BotNet Attack ခေါ်တဲ့
    နေရာမှာ အသုံးချပါတယ်။ Grid Computing ဆိုတဲ့ နည်းပညာကလာတဲ့
    အတွေးအခေါ်လေးတစ်ခုပါ။ Grid Computing ဆိုတာ ကွန်ရက်နှင့် ချိတ်ဆက်ထားသော
    ကွန်ပျုတာများဧ။် စွမ်းရည်ကို ဝေငှသုံးစွဲ၍ လုပ်ငန်းများကို
    စွမ်းအင်မြင့်မြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကျွှန်တော့်ဆီမှာ Distribute
    Password ဖေါ်တဲ့ Software ဟာ ဒီလိုမျိုးလုပ်ပေးပါတယ်။
ထင်ရှားတဲ့ ပျက်စီးမှုတွေကတော့ လုပ်ပေးနိုင်တာကတော့ အောက်ပါထဲက တစ်ချို့ဖြစ်ပါတယ်။
[list=1]
    ကွန်ပျုတာပေါ်က ဒေတာတွေကို ဖျက်ပစ်ခြင်း၊ အပေါ်ကနေ ထပ်ရေးခြင်း
    အသုံးပြုတူက သိရှိ၍ Trojan ဖျက်ပစ်ပါက ထပ်ပြီး Trojan ကို ပြန်သွင်းခြင်း
    ဖိုင်တွေကို cryptoviral extortion attack လို့ခေါ်တဲ့ နည်းပညာဖြင့် (Encrypt) ဝှက်စာပြုလုပ်ခြင်း
။ ဒါကဘာလဲဆိုတော့ Trojan ရေးတဲ့ ကိုယ်တိုင်လူမှ
    ဒါမှမဟုတ် ဒီ Attack ကိုလုပ်တဲ့ လူကသာပြန် Decrypt လုပ်နိုင်ခြင်းပါ။
    နောက်ပိုင်း Backdoor ပြုလုပ်တဲ့နည်းလမ်းကို ဒီနည်းပညာနဲ့အဆင့်မြှင့်
    ထားပါတယ်။ ဘာထူးခြားလဲဆိုတော့ Trojan ကနေ Backdoor ကိုဖွင့်ပေးထားတဲ့ Port
    ကို တိုက်ခိုက်တဲ့လူကလွဲရင် သုံးလို့မရပါဘူး တစ်ယောက်ကတွေ့ရှိခဲ့ရင်တောင်
    ဘယ်လိုမှကာကွယ်၊ ဖယ်ရှား၊ စစ်ဆေးလို့မရပါဘူး။
    နောက်ထပ် Adware, Spyware, and Viruses များကို အလွယ်တကူသွင်းလို့ရအောင် ကူညီပါတယ်။
    Keylogger အနေဖြင့် အသုံးချခြင်း (keylogger ဆိုသည်မှာမိမိ    ရိုက်လိုက်တဲ့ keystrokes တွေကို Hacker ဆီပို့ပေးခြင်း) အထင်မသေးပါနဲ့ ဒီနည်းနဲ့
   မိမိ Bank Info၊ Personal Life တွေပါသွားနိုင်ပါသည်။
    Phising ပြုလုပ်ခြင်း (မိမိကိုလည်းကောင်း၊ မိမိ IP ကိုအသုံးပြု၍ တစ်ခြားသားကောင်များကို လှည့်ဖြားရာတွင် အကာအကွယ်ပြုလုပ်ခြင်း)
    DDoS attack တွင် မိမိဧ။် စက်ကို Zombie အနေနှင့်အသုံးခြခြင်း
    Fake Email Accounts များ၊ Email Servers များ မိမိဧ။် စက်ပေါ်တွင် တည်ဆောက်ခြင်း (သို့) မိမိဧ။် Email Account ကိုအသုံးပြု၍ Spam
    များပို့ဆောင်ခြင်းတို့ ဖြစ်ပါသည်။
ဒါတွေကို ထပ်သိချင်ရင်တော့  ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ တင်ပေးမှာပါ။ ဒါတွေက နည်းနည်းသစ်တာနဲ့ အဓိကအချက်တွေကို ရေးထားသာပါ။
အထင်ရှားဆုံးထဲက Trojans တွေထဲက နှစ်ခုကတော့ Netbus နှင့် Sub7 တို့ဖြစ်ပါတယ်။ Trojans တိုင်းကဲ့သို့ Netbus မှာ နှစ်ပိုင်းပါဝင်ပါတယ်။ Client နှင့် Server
အပိုင်းပဲဖြစ်ပါတယ်။ Server အပိုင်းကတော့ မိမိရဲ့ စက်ကို သုံးစွဲရန်
ဟက်ကာက မိမိစက်ပေါ်မှာ သွင်းပေးရတဲ့ Program ပါ။ ထိုသို့ပြုလုပ်ရန်
ဟက်ကာတစ်ယောက်က ဘယ်လိုချိုးဖောက်မလဲဆိုတော့
ချိုးဖောက်ခြင်း
ရည်မှန်းချက် : အလားအလာရှိတဲ့ သားကောင်ကို ရွေးချယ်၍ Server ကို သားကောင်ကိုယ်တိုင် သားကောင်ဧ။်စက်ပေါ်တွင် သွင်းစေရန်ကြိုးစားခြင်း
နည်းလမ်း ၁
-------------
Server file (ဥပမာ အားဖြင့် netbuserver.exe ဟုကျွှန်တော် ဒီမှာ ခေါ်ဆိုပါမည်) ကို
မိမိဧ။် email သို့ပေးပို့ခြင်း။ ဒီနည်းဟာ ရှေးအကျဆုံးနည်းပါ။ ဒါပေမဲ့(ခုကျွန်တော်သိတာကတော့
ဒါကို သတိမမူလို့ ထောင်ချက်ထဲကျလာတဲ့ သားကောင်တွေ ခုထက်ထိ မနည်းပါဘူး။
ဒီလိုလေး လွယ်လွယ်လေးလုပ်နိုင်ပါသည်။ ဟက်ကာသည် အထက်ပါ file ကို Game File
ဟုဆို၍လည်းကောင်း၊ ပျော်စရာ File တစ်ခုဟု ပြောဆိုကာ ပေးပို့လိုက်ပါမယ်။
ဒါပေမဲ့ ဘာမှမပေါ်လာပါဘူးမိမိ   ဖွင့်ကြည့်သောအခါ။ (သံသရ ဖြစ်စရာပါပဲ ???)
 ဒီလိုမျိုး ကိုယ်မသိတဲ့ File ကိုမသိပဲနဲ့ Double Click လုပ်ပြီး
ဖွင့်ကြည့်ပြီးတော့ ဘာမှမမြင်ရတာ ဘယ်နှစ်ကြိမ်ရှိလဲ စဉ်းစားကြည့်ပါ။
ဒီအချိန်မှာ ဘာဖြစ်ခဲ့လဲဆိုတော့ Server ဆိုတဲ့ File ကို မိမိ ဧ။် စနစ်ပေါ်မှာ
သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် လုပ်စရာလိုတာကတော့ Client ဆိုတဲ့
File ကို ဟက်ကာကနေ Run လိုက်ပြီး မိမိဧ။် စနစ်ကို ဆက်သွယ်ရုံပါပဲ။
ဒီအချိန်ကစပြီး မိမိ ဧ။် စနစ်ကို မိမိဧ။် ကွန်ပျုတာရှေ့မှာ
ထိုင်သုံးကဲ့သို့ပါပဲ။
ဒီလိုမျိုး လုပ်တာများလာလို့ လူတွေသတိထားမိလာသောအခါ အရမ်းကို ညဏ်စူးရှတဲ့ ဟက်ကာတွေက ဒုတိယနည်းလမ်းကို ပြောင်းသုံးကြပါတယ်။
နည်းလမ်း ၂
-------------
မိမိ သူငယ်ချင်းဆီက ဆိုပြီး Flash Games တွေဘာတွေ
ဘယ်နှစ်ခါရဘူးပါလဲ။ Saddam ကို ဗုံးကြဲတာတို့ Osama Bin Ladin ကို
သေနတ်နဲ့ပစ်တာတို့ ဘာတို့ပါ။ Script တွေပါတဲ့ Power Point File တို့ပေါ့။
ဒီလိုမျိုးဟာတွေ ကိုသုံးပြီး မိမိဧ။် စက်ကိုထိန်းချုပ်ခွင့်ရရန်
ကြိုးစားနိုင်ပါသည်။
Server ဆိုတဲ့ Trojan နှင့် အမှန်အကန် File တစ်ခုကို ပေါင်းစပ်ပြီး Output File တစ်ခုအနေနှင့် ပြုလုပ်ပေးနိုင်တဲ့
Programs တွေရှိပါတယ်။ ထို Software တွေက File တစ်ခုအနေနှင့်ထုတ်ပေးပါတယ်။
ဥပမာအနေနဲ့ တင်စားရရင် ဖျော်ရည်ထဲကို ဆေးခပ်သလိုပေါ့ဗျာ။ ဥပမာ Coke နှင့်
ခေါင်းခါဆေး ရောထားတာကို ကြိုက်တဲ့အမည်တပ်လို့ရသလို ပေါ့ ဟက်ကာကလဲ
ဒီလိုလုပ်ပါလိမ့်မယ်
Chess.exe + netbuserver.exe = <insert whatever file name you want here.exe> or <chess.exe>
အနေနှင့်ထပ်ပေးလို့ရပါတယ်။ ဒါက Chess.exe အစစ်တော့မဟုတ်ဘူး ဒါပေမဲ့
Chess.exe ပါပဲ။ ကွဲပြားပုံကို အသိသာဆုံးက File Size နဲ့
ဆုံးဖြတ်လို့ရပါတယ်။
The original file: chess.exe size: 50,000 bytes
The new file (with Trojan): chess.exe size: 65,000 bytes
ဒါကို ဟက်ကာ တစ်ယောက်ဟာ တစ်ယောက်ယောက်ဆီပို့လို့ရအောင် ၁၀ စက္ကန့်အတွင်း
လုပ်ယူလို့ရပါတယ်။ ဒါဆိုရင် netbuserver.exe ပါနေတဲ့ chess.exe ကို
နှိပ်လိုက်ရင် စာဖတ်သူကွန်ပျုတာ ပေါ်မှာဖွင့်လိုက်ရင် ဘာဖြစ်မလဲ။
အဖြေကတော့ chess game က ပုံမှန်အတိုင်းပဲ ပွင့်လာပါလိမ့်မယ်။ ဒီအကြိမ်မှာတော့
စာဖတ်သူက သံသယဖြစ်မှာ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့မိမိထင်တဲ့အတိုင်း
ပေါ်လာလို့ပါ။ ဒါပေမဲ့ မိမိ မသိလိုက်တာကတော့ chess game ပွင့်လိုက်တဲ့
အချိန်မှာပဲ netbuserver.exe ကိုတစ်ခါတည်း သွင်းပြီးသားဖြစ်ပါတယ်။
Trojan ဖြင့် ထိခိုက်ခံရတဲ့ ကွန်ပျုတာဟာ ဒီ အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပါလိမ့်မယ်။
Username : ဟက်ကာတွေက စာဖတ်သူကို ခေါ်တဲ့ Nickname ပါ။
IP Add : မိမိ ကွန်ရက်ကို ဆက်သွယ်ရင်ရတဲ့ လိပ်စာပါ။
Status : စာဖတ်သူ Online လား Offline လား ကို ဟက်ကာကို အသိပေးနိုင်ပါတယ်။
ဒါကြောင့် Dial Up ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကွန်ရက်နှင့် ချိတ်ဆက်မှုရှိတာနဲ့
Program က သူ့ဘာသာသူ အသိပေးမှာပါ။မိမိက ဒါတွေဘယ်လိုဖြစ်နိုင်မလဲ
မေးခွန်းရှိပါလိမ့်မယ်။ အပေါ်မှာ ဖေါ်ပြထားတာက ဘယ်လိုထိန်းချုပ်နိုင်လဲထဲက
နည်းလမ်းတစ်ချို့ပါ။
ခုဆက်လက်ရေးမှာကတော့ ဟက်ကာတွေကမိမိဆီ trojans တွေဘယ်လိုပို့နိုင်လဲ ဆိုတာပါ။
News Group
မြန်မာပြည်က လူတွေကတော့ အသုံးပြုတဲ့လူရှားမှာပါ။ Articles တွေကို Newsgroup မှာတင်ပြီး
Attachment တွေကို ဖွင့်ကြည့်ရန် လိမ်လှည်ထားခြင်း
Forums
ဒါကတော့ အထူးတလည် ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာဆိုင်ဘာမှာတော့
ဒါတွေမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ကျွှန်တော်သုံးတဲ့တစ်ခြား Forums တွေမှာ
တစ်ချို့ user တွေက စကားလုံးတွေ Link တွေရဲ့ နောက်မှာ Injection Code
တွေလက်တည့်စမ်းပြီး ထည့်ထားပါတယ်။
Chat Channels (IRCs) and Instand Messengers (IMs such as GTlak, MSN, Jabbers, and Yahoo)
တစ်ချို့ Chat Server တွေမှာ Join တာနှင့် File Name.exe၊ File Name.jpg.vbs
ဆိုပြီး File တွေ မိမိကွန်ပျုတာကို ပို့ခံနိုင်ရပါတယ်။ သတိမထားမိတဲ့
အချိန်မှာ နှိပ်မိသွားနိုင်ပါတယ်။ IMs တွေကတော့ ခုချိန်မှာ
အများဆုံးပို့တဲ့ နေရာတွေပါ။ ဝမ်းနည်းဖို့ကောင်းတာက စစ်တမ်းတစ်ချို့အရ 80%
အသုံးပြုသူတွေဟာ သတိမထားမိပါဘူး။ ဥပမာ အနေနှင့် thayetmyo ဆိုပြီးလား Gtalk
ကနေ ပြန့်တဲ့ Vrius လား၊ Worm လား၊ မသိခေတ်စားလိုက်ပါသေးတယ်။
ကျွှန်တော်ကတော့ တစ်ခါမှ မခံရတော့ ဘာအမျိုးအစားလဲ မသိလိုက်ပါဘူး။
Email
ဒါကတော့ ကျွှန်တော် အထူးတလည် မပြောတော့ပါဘူး။
Unsafe Web Sites
တစ်ချို့ Official မဟုတ်တဲ့ site တွေမှာ အများဆုံးတွေ့ရပါတယ်။ အဲလိုမျိုး Site ကနေ
Download လုပ်လိုက်တဲ့ file တွေကို ဂရုထားသင့်ပါတယ်။
[HIGHLIGHT=#000000]စကားချပ် - မပူပါနဲ့ ဒီမှာ Cracked Software တွေ ဒိုင်ခံတင်ပေးတဲ့ ကိုဖက်ဆီ၊
ကိုကောင်း၊ ကိုကောင်လေး နှင့် ဘဘဗိုင်းရပ်စ်တို့ အရင်ခံရမှာပါ။ [/HIGHLIGHT][HIGHLIGHT=#000000] [/HIGHLIGHT]
မြင်တဲ့အတိုင်း ဒါကဖြန့်ဝေလို့ရတဲ့ နည်းတွေထဲက တစ်ချို့ပါ။ အဲ နောက်ဆုံး
ကျွှန်တော်စဉ်းစားမိတာကတော့ Social Networking Sites တွေကပါ။ ဥပမာ
Friendster, Facebook, and My Space လိုမျိုးတွေကပါ။ ဟိုတစ်လောတုန်းကတောင်
ဘော်ဘော်တစ်ယောက်ရဲ့ ကောင်မလေးစက် Friendster ကနေ တစ်ဆင့် Injected
လုပ်ခံရတာကို မှတ်မှတ်ရရ Clean ပေးလိုက်ရပါသေးတယ်။
အခန်း ၃ - လက်ခံလျှင် အန္တရာယ်နည်းသောဖိုင်များ
-----------------------------------------------------
အရင် အခန်းကိုဖတ်ပြီး ဘယ်လို ဖိုင်လ်အမျိုးအစားတွေကို လက်ခံလို့ရမလဲ
အမေးရှိနေပါကြမယ်။ အကုန်လုံးမဖြေဆိုနိုင်ပေမဲ့ တတ်နိုင်သမျှ ကြိုးစားပြီး
ဘယ်ဖိုင်လ်အမျိုးအစားတွေက အန္တရာယ်နည်းလဲ ပြောပြပါ့မယ်။
ပုံမှန်ဖိုင်လ်အမျိုးအစားများနဲ့ ဘယ်လိုဖိုင်လ်အမျိုးအစားတွေက .exe (Executable) အမျိုးအစားတွေနဲ့ မလာသင့်ဘူးဆိုတာ ယှဉ်ပြသွားပါမယ်။
ဓါတ်ပုံများ
Email တွေသုံးနေကြ Online မှာ Chat နေကြတဲ့ ခင်တဲ့သူအချင်းချင်း ဓါတ်ပုံလေးတွေ
IRC Channels တွေကပဲဖြစ်ဖြစ်၊ IMs တွေကပဲဖြစ်ဖြစ်၊ Email ကပဲဖြစ်ဖြစ်
ပို့ကြမှာပါပဲ။ အကယ်၍ ဓါတ်ပုံလေးတွေရရှိခဲ့ရင် ဒီ Format (mypic
_x.exe) နဲ့ မဟုတ်ရင် ကောင်းပါတယ်။ ဟုတ်ရင်တော့ ထိုလိုမျိုး .exe
နဲ့ဆုံးသောဖိုင်လ်ကို မဖွင့်ခင် Virus Scanner နဲ့ အရင်စစ်သင့်ပါတယ်။
ပုံတွေဆိုရင် ဒီလိုမျိုး Extensions မျိုးတွေနဲ့အများဆုံးလာပါတယ်။
1. Bmp (Bitmap (For Example: demohunter.bmp))
2. Jpg (JPEG (For Example: demohunter.jpg))
3. TIFF (Tag Image File Format (For Example : demohunter.tiff))
4. Gif (Graphics Interchange Format (For Example : demohunter.gif))
ဒါတွေက တရားဝင် Image Extensions များဖြစ်ပါတယ်။ ဓါတ်ပုံဆိုပါက အထက်ပါ Extension
ထဲက အချို့နှင့်ပဲ လာသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ .exe နှင့်အဆုံးသတ်သော
ဓါတ်ပုံဟုပြောပါက သတိထားပြီး Virus Scanner
နှင့်စစ်သင့်ပါတယ်။ ကိုယ်မသိသော Extension ဖြစ်ပါက Extension ကိုမှတ်ပြီး Google တွင် ရှာဖွေနိုင်ပါသည်။
Text Files
အင်တာနက်ပေါ်မှာရှိတဲ့ Information Documents အကုန်လုံး ဒီထဲက ဖော်ပြထားတဲ့ အမျိုးအစားများနဲ့
လာကြပါတယ်။ Text File ဆိုသည်မှာ Word Processor Software (သို့) Text
Editor ထဲမှာ စာစီထားသော သတင်းအချက်အလက်
မှတ်တမ်းများဖြစ်ပါသည်။
၁. Doc and DocX (Microsoft မှ အသုံးပြုသော Document Format ဖြစ်ပါသည်။ ဥပမာ ဒီမိုဟန်တာ.doc)
၂. TXT (အရိုးရှင်းဆုံး Document အမျိုးအစားဖြစ်ပါသည်။ Notepad နှင့် သိမ်းပါက ရသော အမျိုးအစားဖြစ်ပါသည်။)
၃. PPT (Microsoft Powerpoint ဧ။် အမျိုးအစားဖြစ်ပါသည်။)
၎. RTF (Rich Text Format သည် Word Pad နှင့် သိမ်းပါက ရပါသည်။ အခြေခံ စာစီစာရိုက် ကောင်းကောင်းလုပ်နိုင်ပါသည်။)
အထက်ပါ ဖော်ပြပါ အမျိုးအစားသည် စိတ်ချရသော Text File အမျိုးအစားများဖြစ်ပါသည်။
ဒါပေမဲ့ အရိုးသားဆုံး ဝန်ခံရပါက Text File
သည်ပုံစံမျိုးစုံနှင့်လာနိုင်ပါသည်။ ဒါပေမဲ့ Text File ဆိုပါက ဒီလို
Extension မျိုးနှင့်မလာသင့်ပါ။
ဥပမာအားဖြင့်
၁. <demohunter>.com
၂. <demohunter>.exe
၃. <demohunter>.doc.vbs တို့လိုမျိုးဖြစ်ပါသည်။
တစ်ယောက်က Document File ဟုပြောပါက အထက်ပါ ပုံမျိုးကဲ့သို့ မလာသင့်ပါ။ ထို့အပြင်
နောက်ဆုံးဥပမာမှာ ပြထားသကဲ့သို့ ဘယ်ဖိုင်လ်မျိုးမှ Extension
နှစ်ခုနှင့်မလာသင့်ပါ။ ထို့သို File မျိုးတွေ့ပါက virus scanner
နှင့်စစ်ခြင်း၊ ဖွင့်မကြည့်ခြင်း တို့လုပ်သင့်ပါတယ်။ မိမိသည်
ဘယ်လိုဖိုင်အမျိုးအစားလဲ မသိပါက လုံးဝမဖွင့်သင့်ပါ။ ဖွင့်ဖတ်ရမည်ဆိုပါက
Google တွင်ဘယ်လိုဖိုင်လ် အမျိုးအစားလဲဆိုတာ အရင်ရှာဖွေသင့်ပါတယ်။
ပြီးခဲ့သော အခန်းများတွင် မိမိကွန်ပျုတာဧ။် လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍
ဝင်ရောက်နိုင်ပုံ၊ သာမန်ဖိုင်လ်တွေကို အန္တရာယ်ရှိသောဖိုင်လ်များနှင့်
ပေါင်းစပ်နိုင်ပုံ၊ ထိုရောဂါပိုးဖိုင်လ်များကို မိမိ ဆီရောက်အောင်
ဘယ်လိုလိမ်လှည်ပို့နိုင်ပုံ တို့ကို ရှင်းပြပြီးသွားပါပြီ။
ဟက်ကာများ၏လှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းနှင့်မျှဝေခြင်း =================================
နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွှန်တော်နှင့် စာဖတ်သူတို့ဟာ
ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက
ရေပေါက်ငယ်လေးပမာပါပဲ။ ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့
ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင် ဒါကဆန့်ကျင်မှုတစ်ခုပါ။
အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ
ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို
နှလုံးခုန်နှုန်းတစ်ချက်မှာ ပို့ပေးနေပါတယ်။
စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက် လမ်းမကြီးပေါ်မှာ
အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ
ကွန်ပျုတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။
ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့ စနစ်ဟာ တိုက်ခိုက်ခြင်း၊
အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော အခြေခံအသိ
မရှိကြပါဘူး
စာဖတ်သူဟာ မိမိရဲ့ အင်တာနက်ပေါ်မှ လွတ်လပ်ခွင့်ကို သိရှိလိုတဲ့အတွက် ဖတ်နေခြင်းလို့ယူဆပါသည်။ ဖြစ်လဲဖြစ်သင့်ပါသည်။
အင်တာနက်ပေါ်မှာ ဘယ်အရာမှ မိမိရဲ့ မျက်စိနဲ့မြင်ရာတဲ့တိုင်းဟာ
မိမိမျက်စိနဲ့မြင်တဲ့အတိုင်းမဟု
တ်ကြပါဘူး။ မသိတဲ့လူကျော်သွားလိုပဲ
မသိရှိတဲ့လူဟာ တိုက်ခိုက်ခြင်းခံရနိုင်ပါသည်။
မိမိသိတဲ့ အချက်အလက်ဟာ ဘယ်တော့မှ မလုံလောက်ပါဘူး သတင်းအချက်အလက်သည် စွမ်းအားဖြစ်သည်နှင့်အမျှ
မိမိဟာသိရှိလေ အင်တာနက်ပေါ်က အတုအယောင်တွေကို ရှောင်နိုင်လေဖြစ်ပါလိမ့်မယ်။
ဒ်ီမှာ ကျွှန်တော်ဟာ စာဖတ်သူကို စိုးရိမ်စေမဲ့ အကြောင်းအရာများကို တင်ပြသွားပါမယ်။
တစ်ချို့အရာတွေဟာ စာဖတ်သူကို ကွန်ပျုတာရှိခြင်းကို ထင်ယောင်ထင်မှား
ဖြစ်ကောင်းဖြစ်စေ နိုင်ပါမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျစရာ မလိုပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်  ကမိမိကိုယ်ကို
ဘယ်လိုကွာကွယ်နိုင်တယ်ဆိုတာ ပြောပြသွားမှာပါ။
ဒာင်တာနက်ရဲ့ ဆိုးကျိုးတွေကို ပြောပြရခြင်းဟာ ကျွှန်တော်က ဘာအန္တရာယ်တွေရှိတယ်ဆိုတာ တင်ပြဖို့လိုအပ်တယ် ခံစားရလို့ပါ။
ကျွှန်တော်ဟာ လမ်းပြအနေနှင့် ရေးခြင်းဖြစ်ပါတယ်။
စနစ်တစ်ခုကို Hackers တွေဟာ ဘယ်လိုထိန်းချုပ်ခွင့်ရအောင်
စနစ်ရဲ့အားနည်းချက်တွေ၊ Programs တွေသုံးပြီး ယူနိုင်လဲဆိုတာ
ပြောပြခြင်းဖြစ်ပါတယ်။ အကုန်လုံးကို မတင်ပြနိုင်ပါဘူး ဘာလို့လည်းဆိုတော့ကျွန်တော်ကလည်းလေ့လာထားတွေကိုပဲပြန်ပြီးမျှဝေပေးတာပါ
သို့သော်လည်း အခြေခံ နည်းများသိခြင်းဖြင့် အကယ်၍ စာဖတ်သူသည် Hackers
တွေဘာတွေလုပ်လဲ ဘယ်လိုလုပ်လဲ သိရှိပါက မိမိကိုယ်ကို ကွာကွယ်နိုင်ရန်
အနေအထားကောင်းတစ်ခုမှာ ရှိနိုင်ပါသည်။
ကျွန်တော် ကHacker ကို Reference စကားလုံးအနေနဲ့
သုံးစွဲသွားမှာဖြစ်ပါသည်။ Hacker များသည် မီဒီယာများဧ။် ရောင်းကောင်းသော
စကားလုံးတစ်လုံးအနေဖြင့် အသုံးချခြင်းကြောင့် လူတွေသည်
အထင်မှားလျက်ရှိပါသည်။ သို့ပါသော်လည်း Hacker ဆိုသောစကားလုံးကို
စာရေးရာတွင်လွယ်ကူစေရန် အလို့ငှာ သုံးစွဲခြင်းသာဖြစ်ပါသည်။
အောက်ပါ အကြောင်းအရာများသည် တင်ပြသွားမဲ့ အကြောင်းအရာတွေက အနည်းငယ်ပါ။
    Hackers တွေ ဘယ်လို စနစ်တစ်ခုလဲ ဝင်ရောက်လဲ
    ဘယ်လို အရာတွေ အသုံးပြုလဲ
    ဟက်ကာတစ်ယောက်ဟာ စာဖတ်သူဧ။် အိမ်ကို စာဖတ်သူဧ။် ကွန်ပျုတာမှ ဘယ်လိုစောင့်ကြည့်နိုင်ပုံ
 ဒါပေမဲ့
    ဘယ်လိုလုပ်နိုင်လဲဆိုတာ ပြောပြသွားပါမယ်။)
    ဘယ်လို အချက်အလက်တွေကို အခွင့်ရှိပုံ နှင့် စာဖတ်သူဘာကြောင့် ကာကွယ်သင့်ပုံ
    ဘယ်လို သတင်း နှင့် လှည့်ဖျားမှုများ အသုံးခြပုံ
    Antivirus software တစ်ခုထဲနှင့် မလုံလောက်ပုံ
    ဘာတွေကို ဂရုစိုက်ရမလဲ အကယ်၍ စာဖတ်သူဧ။် ကွန်ပျုတာသည် ကျုးကျော်ခံရပါက
ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျွှန်တောို အလုံးစုံကာကွယ်မှုပေးမယ်လို့
ရယ်ဖွယ်ကောင်းသော အာမခံချက်ကို မပေးပါ။ ကျွှန်တော် ပြောပြမဲ့
အကြောင်းအရာများကို လေ့လာပြီးတော့်မိမိကိုယ်ရေးအချက်အလက်များကို
တစ်စုံတစ်ရာအထိ ကာကွယ်နိုင်ရန်သာ ရည်ရွယ်ပါသည်။
် အင်တာနက်ကို ၂၄ နာရီ (သို့) ၁၅ မိနစ် ဆက်သွယ်ခြင်းဟာ
မိမိဧ။်စနစ်အန္တရာယ်ရှိမှု မရှိမှုနှင့် မဆိုင်ပါ။ ၁၅မိနစ်တွင်းမှာပင်
 ကိုယ်ပိုင်စနစ်ကပငို ဝင်ခွင့်ပိတ်ထားနိုင်ခြင်း၊
 ဘဏ်အချက်အလက် ၊ ကိုယ်ပိုင်လိပ်စာများ ပါသွားနိုင်ပါသည်။
ကျွှန်တော်သညို စိတ်ချောက်ချားအောင် ပြုလုပ်နေတာမဟုတ်ပါ။
ကျွှန်တော်ပြောနေခြင်းသည် အကယ်၍ူဂရုမစိုက်ပါက မိမိ ကိုယ်တိုင်ပင်
အန္တရာယ်ကို တံခါးဖွင့်ပေးသလိုပါပဲ။် ကျွှန်တော့်ကို
အထင်အလွဲကောင်းလွဲနိုင်ပါသည်။ ကျွှန်တော့်ကို Email
စစ်ခြင်းနှင့် Chat ခြင်းကလွဲရင် ဘာမှမလုပ်တဲ့အတွက်
ဒါတွေမဖြစ်နိုင်ပါဘူးလို့ ပြောဆိုကောင်းပြောဆိုပါလိမ့်မယ်။
ကျွှန်တော်မငြင်းပါ။ တကယ်လဲအဲလိုပါပဲ........ဟဲဟဲ သိတာလေးနဲ့လုပ်စားနေရတာပါ
အခန်း ၁ (ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း) 
-------------------------------------------------------------
အားပါးပါး  အထင်တော့သိပ်မကြီးလိုက်ပါနဲ့ဦး ကျွန်တော်လုပ်တတ်တာမဟုတ်ပါဘူး.....
ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း…
မှန်ပါသည်။ လုပ်လို့ရပါတယ်။ အကယ်၍ သင့် စနစ်သည် တိကျသော
လုံခြုံရေးအားနည်းချက်များ ရှိပါက ၁၅ စက္ကန့်ပိုင်းအတွင်းပင်
ချိုးဖောက်ခံနိုင်ရပါတယ်   
ဒီအခန်းကိုစတင်ဖို့အတွက် ကျွှန်တော် လုပ်ခိုင်းစရာတစ်ချို့ရှိပါသည်။ အကယ်၍် Dial Up အသုံးပြုပါက
ချိတ်ဆက်ဖို့လိုပါလိမ့်မယ်။ DSL (သို့) Cable သုံးပါက ဒီအဆင့်ကိုတခါတည်း
ပြုလုပ်နိုင်ပါသည်။
Windows 2000 ထိ OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• Winipcfg ကို Box ထဲတွင် ရိုက်ထဲ့ပြီး Enter နှိပ်ပါ
• ဒီ Windows လေးကို မြင်တွေ့ရပါမယ်
Windows XP အထက် OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• cmd ကို Box ထဲတွင် ရိုက်ထဲ့လိုက်ပါ
• Console ပေါ်လာသောအခါ ipconfig ဆိုပြီးရိုက်ပါ (သို့) Network နဲ့ပတ်သက်တဲ့ အချက်အလက်အကုန်တွေ့ချင်ပါက ipconfig /all ရိုက်လို့လဲရပါတယ်
• ဒီအဆင့်ကိုမြင်တွေ့ရပါမယ် ကျွန်တော်လည်း 7ထိပဲသုံးဖူးသေးတော့ ရနေပါတယ် 8တော့ မပြောတတ်ပါဘူး.စမ်းကြည့်လိုက်ပါ..
* For editorial reason the above info has been omitted *
IP Add နေရာမှာ မြင်ရမှာတွေကတော့ ဒီလိုမျိုးဂဏန်းတွေပါ။ 207.66.55.1 (ကွဲပြားနိုင်ပါသည်။)
အကယ်၍ Dial Up အသုံးပြုပါက IP add ကို PPP Adapter အောက်မှာရှာတွေ့မှာပါ။ အကယ်၍ တစ်ခြားနည်းလမ်းများကို အသုံးပြုဆက်သွယ်ပါက IP add တွေကို
 တစ်ခြား Adapter
Name တွေအောက်မှာ ရှာတွေ့မှာဖြစ်မှာပါ။ List တွေကို ဖော်ပြထားသော
မြှားနေရာကို နှိပ်ခြင်းဖြင့် ထပ်တွေ့နိုင်ပါမယ်။
IP Add ကိုသိသောအခါမှာ နောက်ထပ် Console တစ်ခုကိုထပ်ဖွင့်ပြီး Console ထဲမှာ ဒါကိုရိုက်ထဲ့ရမှာပါ။
Nbtstat –A ip add (ဥပမာ nbtstat –A 207.66.55.1) ဒီနေရာမှာတော့ A သည် Capital Letter ဖြစ်ရပါမယ်။ nbtstat commands များကို ထပ်သိချင်တယ်ဆိုရင် ဒါကို
ရိုက်ပြီးလေ့လာနိုင်ပါသည်။ nbtstat /help
ဒီလိုပုံစံ Output လေးကိုတွေ့ရမှာပါ။
NetBIOS Remote Machine Name Table
____________________________________
Name Type Status
-------------------------------------------
J-1 <00> UNIQUE Registered
WORK <00> GROUP Registered
J-1 <03> UNIQUE Registered
J-1 <20> UNIQUE Registered
WORK <1E> GROUP Registered
WORK <1D> UNIQUE Registered
__MSBROWSE__.<01> GROUP Registered
(Again info has been omitted due to privacy reasons)
< > ထဲမှာရှိတဲ့ ဂဏန်းတွေဟာ Hex Code တန်ဖိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ကျွှန်တော်စိတ်ဝင်စားတာက <20> တန်ဖိုးပါတဲ့ Hex code ပါ။ အကယ်၍ 20
ကိုမတွေ့ရင်တော့် သတင်းကောင်းပါပဲ။ မဟုတ်ရင်တော့
စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ကျွှန်တော်ရေးသားကိုဖတ်ပြီး
စာဖတ်သူနားရှုပ်သွားနိုင်ပါတယ်။
ကဲ ရှင်းပြပါရစေ။ <20> ဆိုသည်မှာ မိမိ ဧ။် ကွန်ပျုတာမှာ File and Printer Sharing ကိုဖွင့်ပေးထားလို့ပဲ
ဖြစ်ပါသည်။ ဒါက ဟက်ကာတစ်ယောက်က မိမိ ကွန်ပျုတာဟာ File and Printer
Sharing ကိုဖွင့်ပေးထားလား သိချင်ရင် လုပ်မဲ့ အဆင့်တွေပါ။ အကယ်၍
ဖွင့်ပေးထားတယ်ဆိုတာကို သိရှိပါက ဟက်ကာတွေက စနစ်ကိုထိန်းချုပ်ခွင့်ရရန်
ဆက်လုပ်သွားမှာပါ။
Note : Console ကထွက်ရန် Exit လို့ရိုက်ပြီး Enter နှိပ်ထွက်နိုင်ပါသည်။
အထက်ပါ အချက်အလက်တွေကိုသုံးပြီး ဘယ်လိုထိန်းချုပ်ခွင့်ရအောင် လုပ်နိုင်လဲဆိုတာ ဒီနေရာကစပြီး ကျွှန်တော်ရှင်းပြသွားပါမယ်။
အလားအလာရှိတဲ့ ဟက်ကာတစ်ယောက်ဟာ IP Add အစုတစ်ခုကို Scan လုပ်ပြီး File and Printer
Sharing ကွန်ပျုတာစနစ်တွေကို ရှာဖွေမှာပါ။ တွေ့ရှိတာနဲ့ချက်ခြင်း
ဘာတွေစက်ပေါ်မှာ မျှဝေထားလဲဆိုတာကို ဒီလိုကြည့်ရှုနိုင်ပါသည်။
ဘယ်လိုလဲဆိုတော့ net view \ <insert the targeted ip address here>
ထို့နောက် ဒီလိုပုံစံကိုရရှိမှာပါ။
Shared resources at \ip_address
Sharename Type Comment
MY DOCUMENTS Disk
TEMP Disk
ဒါက ဟက်ကာကို ဘာဖော်ပြလဲဆိုတော့ သူ့ရဲ့အလားအလာရှိတဲ့ သားကောင်ဟာ သူဧ။် My
Documents နှင့် Temp ဆိုတဲ့ Folders နှစ်ခုကို ကွန်ယက်ပေါ်မှာ
မျှဝေထားပါတယ်။ ထိုအထက်ပါအရာတွေကို လုပ်ပိုင်ခွင့်ရရှိရန် ဟက်ကာသည် ဒီ
command ကို အသုံးချသွားမှာပါ။
Net use x: \<put the targeted ip address here>temp
Folder သည် စကားဝှက်သို့ ခံထားခြင်းမရှိပါက ဟက်ကာသည် လွယ်လွယ်ကူကူပင်
ဝင်ခွင့်ရှိသွားမှာဖြစ်ပါသည်။ ဒီမှာ ကျွှန်တော်မေးချင်တာက
ဒါတွေကိုပြုလုပ်ရန် ဘယ်လောက်များကြာနိုင်ခဲ့လို့လဲ။
အကြာကြီးတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်ဟုတ(ဘန်နီဖြိုးတော့ မဟုတ်ပါဘူး)။ မိမိကို ဘယ်နှစ်ယောက်များက File and
Printer Sharing အကြောင်းမသိပဲနဲ့ ဖွင့်ထားမိပါလဲ။
ဟုတ်ကဲ့ Ladies and Gentlemen။ ဒါကို Netbios Attack(ဘာလဲတော့ ကျွန်တော်လည်း မသိပါဘူး သူများတွေဒီလိုခေါ်လို့ပါ) လို့ခေါ်ပါတယ်။ အကယ်၍ မိမိအိမ်တွင်
အိမ်တွင်းကွန်ရက် ချိတ်ဆက်ထားရင် ဖြစ်နိုင်တာကူ  မိမိဟာ File and Printer
Sharing ကိုဖွင့်ထားနိုင်ပါသည်။ အားလုံးဟာ ဒီလိုလုပ်ထားတယ်လို့
ကျွှန်တော်မဆိုလိုပါ။ ဒါပေမဲ့ လုပ်တဲ့လူတွေအများကြီးပါ။ အကယ်၍ မိမိသည်
ကွန်ရက်ပေါ်မှာ အရင်းအမြစ်တွေကို မျှဝေထားတယ်ဆိုရင် Directory များကို
စကားဝှက်ဖြင့် ကာကွယ်ထားရန် အကြံပေးပါရစေ။
မိမိဧ။် ကွန်ပျုတာမှ မျှဝေထားသော အရင်းအမြစ်များကို ရှာဖွေရန် ဒီအဆင့်များပြုလုပ်နိုင်ပါသည်။
Console ကို ဖွင့်လိုက်ပါ။ မသိရင် အပေါ်မှာ ပြန်ရှာဖတ်ကြည့်ပါ။ Console ထဲကို
ရောက်သာအခါ net share ဆိုပြီး ရိုက်ကြည့်ပါ။ net share command သည် မိမိ
မျှဝေထားသော အရာများကို နာမည်နှင့် နေရာပါ ပြသနိုင်ပါသည်။ မျှဝေထားသော
အရာတွေထဲက $ sign ပါသော အရာများသည် Administrative Shares များဖြစ်ပါသည်။
တော်တော်များများကို Windows သည် သူ့ဘာသာသူ Administrative Shares
များအဖြစ်သတ်မှတ်ထားပါသည်။ ပြင်ဆင်ချင်ပါက သေချာအရင် လေ့လာစေချင်ပါသည်။
Netbios သည်ရှေးကျသော စနစ်ကျုးကျော်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ စနစ်များစွာသည်
ပုံမှန် ကာကွယ်ပေးထားသဖြင့် တစ်ချို့သည် သတိမမူမိပဲ သေချာကာကွယ်မှု
အတ်ုင်းအဆများ မလုပ်မိသောကြောင့် နောက်ပိုင်းတွင် Netbios Attack သည်
လုပ်ခံရသော သားကောင်များ ပြန်လည်မြင့်မားလာရသည်။
Sunday, May 19, 2013
Proxy
အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် ..
နည်းလမ်းလေးကို ရေးပေးသလို အသုံးပြုဖို့ အတွက် Proxy IP Address ကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ အပေါ်ဘားမှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော် Proxy IP Address တွေ အများကြီး တင်မပေးတော့ပါဘူး .. ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီး တကယ်သုံးလို့ အသုံးဝင်မဲ့ ကောင်လေးကိုပဲ တင်ပေးပါမယ် .. အခုကျွန်တော် တင်ပေးထားတဲ့ ကောင်လေးဆို ကော်နက်ရှင် ကောင်းသလို အခုအချိန်ထိလည်း အသုံးပြုလို့ ရနေပါသေးတယ် .. အခုတင်ပေးထားတဲ့ ကောင်လေး အဆင်မပြေတော့ဘူး ဆိုရင်တော့ အသစ်ထပ်ရှာပြီး တင်ပေးသွားမှာ ဖြစ်ပါတယ် .. ကျွန်တော် အသုံးမပြုတက်သေး သူတွေအတွက် အဆင်ပြေအောင် Firefox နဲ့ Chrome နှစ်မျိုးမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ် ..
အရင်ဆုံး Firefox မှာ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ဘယ်လို ထည့်ပြီး အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Firefox ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Firefox Option ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း Firefox Option  Box  လေး ပေါ်လာပြီ ဆိုရင်တော့ မြားပြထားတဲ့ အတိုင်း အဆင့်ဆင့် Setting ကိုသွားလိုက်ပါ ..
ပြီးရင် ကျွန်တော်တို့က မိမိတို့စိတ်ကြိုက် Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုချင်တာ ဖြစ်တဲ့ အတွက် Manual proxy configuration ကိုရွေးလိုက်ပါ .. ပြီးရင် အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုမဲ့ HTTP Proxy နဲ့ Port ကိုထည့်ပေးလိုက်ပါ ..
အပေါ်က ပုံအတိုင်း ဖြည့်ပြီး သွားပြီ ဆိုရင်တော့ OK ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ မိမိတို့ အသုံးပြုမဲ့ Proxy က အလုပ်လုပ်မှာ ဖြစ်ပါတယ် .. ဒါကတော့ Firefox မှာ Proxy Server ရဲ့ IP Address ကိုထည့်ပြီး အသုံးပြုတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် ..
ကျွန်တော် ဆက်ပြီးတော့ Google Chrome မှာ အသုံးပြုချင်သူတွေ အတွက် ဘယ်လို အသုံးပြုရမယ် ဆိုတာကို ဆက်ပြီး ရေးပေးသွားပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Google Chrome ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Option ကိုသွားလိုက်ပါ ..
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုနိုင်ဖို့ အတွက် Setting ကို သွားလိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အောက်ကပုံအတိုင်း မိမိတို့ သုံးချင်တဲ့ HTTP Proxy နဲ့ Port ကိုထည့်ပြီး အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင် အားလုံးကို OK ပေးလိုက်ပါ ...
ဒါဆိုရင်တော့  မိမိတို့ ကိုပိတ်ထားတဲ့ ဆိုဒ်တွေကို ဘာ Proxy Software ၊ Proxy Link တွေမှ သုံးစရာမလိုပဲ အလွယ်တကူနဲ့ ကျော်ပြီး ကြည့်လို့ ရသွားမှာ ဖြစ်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..