စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....
စိုင်းသီဟစိုး ဆိုက်မှအားလုံးကို လှိုက်လှဲနွေးထွေးစွာနဲ့ကြိုဆိုပါတယ်။ ကျွန်တော်ဆိုက်ကို လာရောက်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....

Sunday, June 9, 2013

(Trojan Horse (လျှို့ဝှက်ဝင်လာသော ရန်သူ့လက်ပါးစေ) ----------------------------------------------------------------------


ကျွှန်တော် Trojan Horse ရဲ့ ကွန်ပျုတာနှင့်မသက်ဆိုင်သော သမိုင်းဇာတ်လမ်းလေးကို အစကမပြောမလို့ပဲ။ လူတိုင်းသိတယ်ထင်လို့ပါ။ ဒါပေမဲ့ မသိတဲ့လူတွေရှိရင်
ဒါလေးသိရင် ပိုပြီးနားလည်မယ်ထင်လို့ ထည့်ရေးလိုက်တာပါ။

ဒါက Trojan War လို့ခေါ်တဲ့ Greek နှင့် Troy ၁၀ နှစ်ကြာ စစ်ပွဲမှာ Troy တွေရဲ့ ၁၀
နှစ်ကြာအဝိုင်းခံနေရတဲ့ Greek ကသူ့မြို့ကို စွန့်ခွါသွားတဲ့ ပုံစံနှင့်
ဟန်ဆောင်ပြီး ဂရိစစ်သည်အချို့ကို ကြီးမားတဲ့ မြင်းရုပ်ကြီးထဲထည့်ပြီး
ထားခဲ့ပါတယ်။ Troy တွေက စစ်အောင်တဲ့ အထိမ်းအမှတ်နဲ့ မြင်းရုပ်ကြီး
သူတို့မြို့ကြီးထဲ သွင်းခဲ့တယ်။ ညကျတော့မှ စစ်သည်တွေဟာ ထွက်လာပြီး
ဂရိမြို့တံခါးကိုဖွင့်ပြီး တိတ်တဆိတ်ပြန်လာတဲ့ ဂရိစစ်တပ်အတွက်
တံခါးဖွင့်ပေးခဲ့ပါတယ်။ ထို့နောက် Troy တွေရဲ့ ဝိုင်းခံထားရတဲ့ ဂရိတွေဟာ
စစ်ပွဲကို ပြီးဆုံးယုံတာမက Troy တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒီမှာ
လှည့်စားမှုက မြင်းရုပ်ပါ။ ဒီ Trojan Horse ရုပ်ထုကိုတာ Troy
တွေသူတို့မြို့ထဲ မသွင်းခဲ့ရင် Troy တွေအနိုင်ရနိုင်မှာပါ။ ဒါပေမဲ့
သူတို့ရဲ့ အားနည်းမှုကို သူတို့ဘာသာဖွင့်ပေးအောင်
ထောင်ချောက်ဆင်ခဲ့နိုင်ပါတယ်။ ဘယ်လောက်လှပတဲ့ လုံခြုံရေးအားနည်းချက်ကို
မိမိကိုယ်တိုင်ဝင်ခွင့်ပေးအောင်လုပ်တဲ့ လှည့်စားမှုဆိုတာ
လူတိုင်းခံစားမိမှာပါ။
ဒီလိုပါပ Trojan Horseထဲ မှာလည်းသင့်ရန်သူတွေကိုထည့်ပြီးတော့ သင့်ကွန်ပြူတာထဲကို သင်ကိုယ်တိုင်ထည့်အောင် အမျိုးမျိုး  ကိုဖန်တီးထားပါတယ်
။ ကွန်ပျုတာစနစ်တော်တော်များများကို ချိုးဖောက်ပေးဖို့ကူညီတာက ဒီ Trojan Horse Program လေးတွေပါ။ Trojans တွေဟာ
တစ်ပတ်မှာရာနဲ့ချီပြီး ထွက်ရှိနေတာပါ။ ထက်ထွက်လာတဲ့ program တွေကလဲ
အရင်ထက် ပိုပြီးကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။ Trojans တော်တော်များက
Windows based PCs တွေကို တိုက်ခိုက်ဖို့ ဦးစားပေးရေးထားကြတာပါ။

Trojan ဆိုတာ ဟက်ကာတွေကို မိမိ ကွန်ပျုတာကို
လုံးဝထိန်းချုပ်နိုင်ခွင့်ပေးတဲ့ Program သေးသေးလေးတစ်ခုပါပဲ။ Trojan ဆိုတာ
တစ်ကယ်တမ်းတော့ သူ့ဘာသာသူ နေရင် အန္တရာယ်မပေးနိုင်တဲ့ Program ပါ။ ဒါပေမဲ့
ပျက်ဆီးဖို့အတွက် အများကြီးကူညီပေးပါတယ်။

Trojans တွေလုပ်ဆောင်ပေးနိုင်တဲ့ အဓိကထင်ရှားတဲ့ လုပ်ငန်း ၆ ရပ်က

[list=1]

    Remote Accessing (မိမိဧ။်ကွန်ပျုတာကို တစ်ခြားအသုံးပြုသူအတွက် အဝေးတစ်နေရာမှ အသုံးချနိုင်အောင်ပြုလုပ်ပေးခြင်း)
    Data Destruction (အချက်အလက်များ ဖျက်ဆီးပစ်ခြင်း)
    Downloader (မိမိဧ။် ကွန်ပျုတာပေါ်မှ အချက်အလက်များကို တစ်ခြားတစ်နေရာသို့ ပေးပို့နိုင်ရင် ကူညီပေးခြင်း) မှတ်ချက် - သားကောင်ဖက်ဆိုရင် Uploader
    သဘောဖြစ်ပြီး၊ ဟက်ကာဖက်က Downloader သဘောပါ။
    Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
    Security Software Disabler (မိမိဧ။် ကွန်ပျုတာပေါ်မှာ လုံခြုံရေးအတိုင်းအတာများကို အလုပ်မလုပ်ရန်ပြုလုပ်ခြင်း)
    Denial of Service attack (DoS) (မိမိဧ။် ကွန်ပျုတာမှ တစ်ခြား ကွန်ရက်ပေါ်မှ ကွန်ပျုတာများကို DoS attack ဖြင့်တိုက်ခိုက်ခြင်း) မှတ်ချက် -
    ဟက်ကာတစ်ယောက်ဟာ သူဧ။် ထိန်းချုပ်မှုအောက်မှ သားကောင်များကိုအသုံးပြု၍
    တစ်ခြားကွန်ရက်ကို တိုက်ခိုက်ရာတွင် အသုံးပြုပါသည်။ BotNet Attack ခေါ်တဲ့
    နေရာမှာ အသုံးချပါတယ်။ Grid Computing ဆိုတဲ့ နည်းပညာကလာတဲ့
    အတွေးအခေါ်လေးတစ်ခုပါ။ Grid Computing ဆိုတာ ကွန်ရက်နှင့် ချိတ်ဆက်ထားသော
    ကွန်ပျုတာများဧ။် စွမ်းရည်ကို ဝေငှသုံးစွဲ၍ လုပ်ငန်းများကို
    စွမ်းအင်မြင့်မြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကျွှန်တော့်ဆီမှာ Distribute
    Password ဖေါ်တဲ့ Software ဟာ ဒီလိုမျိုးလုပ်ပေးပါတယ်။

ထင်ရှားတဲ့ ပျက်စီးမှုတွေကတော့ လုပ်ပေးနိုင်တာကတော့ အောက်ပါထဲက တစ်ချို့ဖြစ်ပါတယ်။
[list=1]

    ကွန်ပျုတာပေါ်က ဒေတာတွေကို ဖျက်ပစ်ခြင်း၊ အပေါ်ကနေ ထပ်ရေးခြင်း
    အသုံးပြုတူက သိရှိ၍ Trojan ဖျက်ပစ်ပါက ထပ်ပြီး Trojan ကို ပြန်သွင်းခြင်း
    ဖိုင်တွေကို cryptoviral extortion attack လို့ခေါ်တဲ့ နည်းပညာဖြင့် (Encrypt) ဝှက်စာပြုလုပ်ခြင်း
။ ဒါကဘာလဲဆိုတော့ Trojan ရေးတဲ့ ကိုယ်တိုင်လူမှ
    ဒါမှမဟုတ် ဒီ Attack ကိုလုပ်တဲ့ လူကသာပြန် Decrypt လုပ်နိုင်ခြင်းပါ။
    နောက်ပိုင်း Backdoor ပြုလုပ်တဲ့နည်းလမ်းကို ဒီနည်းပညာနဲ့အဆင့်မြှင့်
    ထားပါတယ်။ ဘာထူးခြားလဲဆိုတော့ Trojan ကနေ Backdoor ကိုဖွင့်ပေးထားတဲ့ Port
    ကို တိုက်ခိုက်တဲ့လူကလွဲရင် သုံးလို့မရပါဘူး တစ်ယောက်ကတွေ့ရှိခဲ့ရင်တောင်
    ဘယ်လိုမှကာကွယ်၊ ဖယ်ရှား၊ စစ်ဆေးလို့မရပါဘူး။
    နောက်ထပ် Adware, Spyware, and Viruses များကို အလွယ်တကူသွင်းလို့ရအောင် ကူညီပါတယ်။
    Keylogger အနေဖြင့် အသုံးချခြင်း (keylogger ဆိုသည်မှာမိမိ    ရိုက်လိုက်တဲ့ keystrokes တွေကို Hacker ဆီပို့ပေးခြင်း) အထင်မသေးပါနဲ့ ဒီနည်းနဲ့
   မိမိ Bank Info၊ Personal Life တွေပါသွားနိုင်ပါသည်။
    Phising ပြုလုပ်ခြင်း (မိမိကိုလည်းကောင်း၊ မိမိ IP ကိုအသုံးပြု၍ တစ်ခြားသားကောင်များကို လှည့်ဖြားရာတွင် အကာအကွယ်ပြုလုပ်ခြင်း)
    DDoS attack တွင် မိမိဧ။် စက်ကို Zombie အနေနှင့်အသုံးခြခြင်း
    Fake Email Accounts များ၊ Email Servers များ မိမိဧ။် စက်ပေါ်တွင် တည်ဆောက်ခြင်း (သို့) မိမိဧ။် Email Account ကိုအသုံးပြု၍ Spam
    များပို့ဆောင်ခြင်းတို့ ဖြစ်ပါသည်။

ဒါတွေကို ထပ်သိချင်ရင်တော့  ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ တင်ပေးမှာပါ။ ဒါတွေက နည်းနည်းသစ်တာနဲ့ အဓိကအချက်တွေကို ရေးထားသာပါ။

အထင်ရှားဆုံးထဲက Trojans တွေထဲက နှစ်ခုကတော့ Netbus နှင့် Sub7 တို့ဖြစ်ပါတယ်။ Trojans တိုင်းကဲ့သို့ Netbus မှာ နှစ်ပိုင်းပါဝင်ပါတယ်။ Client နှင့် Server
အပိုင်းပဲဖြစ်ပါတယ်။ Server အပိုင်းကတော့ မိမိရဲ့ စက်ကို သုံးစွဲရန်
ဟက်ကာက မိမိစက်ပေါ်မှာ သွင်းပေးရတဲ့ Program ပါ။ ထိုသို့ပြုလုပ်ရန်
ဟက်ကာတစ်ယောက်က ဘယ်လိုချိုးဖောက်မလဲဆိုတော့

ချိုးဖောက်ခြင်း

ရည်မှန်းချက် : အလားအလာရှိတဲ့ သားကောင်ကို ရွေးချယ်၍ Server ကို သားကောင်ကိုယ်တိုင် သားကောင်ဧ။်စက်ပေါ်တွင် သွင်းစေရန်ကြိုးစားခြင်း

နည်းလမ်း ၁
-------------
Server file (ဥပမာ အားဖြင့် netbuserver.exe ဟုကျွှန်တော် ဒီမှာ ခေါ်ဆိုပါမည်) ကို
မိမိဧ။် email သို့ပေးပို့ခြင်း။ ဒီနည်းဟာ ရှေးအကျဆုံးနည်းပါ။ ဒါပေမဲ့(ခုကျွန်တော်သိတာကတော့
ဒါကို သတိမမူလို့ ထောင်ချက်ထဲကျလာတဲ့ သားကောင်တွေ ခုထက်ထိ မနည်းပါဘူး။
ဒီလိုလေး လွယ်လွယ်လေးလုပ်နိုင်ပါသည်။ ဟက်ကာသည် အထက်ပါ file ကို Game File
ဟုဆို၍လည်းကောင်း၊ ပျော်စရာ File တစ်ခုဟု ပြောဆိုကာ ပေးပို့လိုက်ပါမယ်။
ဒါပေမဲ့ ဘာမှမပေါ်လာပါဘူးမိမိ   ဖွင့်ကြည့်သောအခါ။ (သံသရ ဖြစ်စရာပါပဲ ???)

 ဒီလိုမျိုး ကိုယ်မသိတဲ့ File ကိုမသိပဲနဲ့ Double Click လုပ်ပြီး
ဖွင့်ကြည့်ပြီးတော့ ဘာမှမမြင်ရတာ ဘယ်နှစ်ကြိမ်ရှိလဲ စဉ်းစားကြည့်ပါ။

ဒီအချိန်မှာ ဘာဖြစ်ခဲ့လဲဆိုတော့ Server ဆိုတဲ့ File ကို မိမိ ဧ။် စနစ်ပေါ်မှာ
သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် လုပ်စရာလိုတာကတော့ Client ဆိုတဲ့
File ကို ဟက်ကာကနေ Run လိုက်ပြီး မိမိဧ။် စနစ်ကို ဆက်သွယ်ရုံပါပဲ။
ဒီအချိန်ကစပြီး မိမိ ဧ။် စနစ်ကို မိမိဧ။် ကွန်ပျုတာရှေ့မှာ
ထိုင်သုံးကဲ့သို့ပါပဲ။

ဒီလိုမျိုး လုပ်တာများလာလို့ လူတွေသတိထားမိလာသောအခါ အရမ်းကို ညဏ်စူးရှတဲ့ ဟက်ကာတွေက ဒုတိယနည်းလမ်းကို ပြောင်းသုံးကြပါတယ်။

နည်းလမ်း ၂
-------------
မိမိ သူငယ်ချင်းဆီက ဆိုပြီး Flash Games တွေဘာတွေ
ဘယ်နှစ်ခါရဘူးပါလဲ။ Saddam ကို ဗုံးကြဲတာတို့ Osama Bin Ladin ကို
သေနတ်နဲ့ပစ်တာတို့ ဘာတို့ပါ။ Script တွေပါတဲ့ Power Point File တို့ပေါ့။
ဒီလိုမျိုးဟာတွေ ကိုသုံးပြီး မိမိဧ။် စက်ကိုထိန်းချုပ်ခွင့်ရရန်
ကြိုးစားနိုင်ပါသည်။

Server ဆိုတဲ့ Trojan နှင့် အမှန်အကန် File တစ်ခုကို ပေါင်းစပ်ပြီး Output File တစ်ခုအနေနှင့် ပြုလုပ်ပေးနိုင်တဲ့
Programs တွေရှိပါတယ်။ ထို Software တွေက File တစ်ခုအနေနှင့်ထုတ်ပေးပါတယ်။
ဥပမာအနေနဲ့ တင်စားရရင် ဖျော်ရည်ထဲကို ဆေးခပ်သလိုပေါ့ဗျာ။ ဥပမာ Coke နှင့်
ခေါင်းခါဆေး ရောထားတာကို ကြိုက်တဲ့အမည်တပ်လို့ရသလို ပေါ့ ဟက်ကာကလဲ
ဒီလိုလုပ်ပါလိမ့်မယ်

Chess.exe + netbuserver.exe = <insert whatever file name you want here.exe> or <chess.exe>
အနေနှင့်ထပ်ပေးလို့ရပါတယ်။ ဒါက Chess.exe အစစ်တော့မဟုတ်ဘူး ဒါပေမဲ့
Chess.exe ပါပဲ။ ကွဲပြားပုံကို အသိသာဆုံးက File Size နဲ့
ဆုံးဖြတ်လို့ရပါတယ်။

The original file: chess.exe size: 50,000 bytes
The new file (with Trojan): chess.exe size: 65,000 bytes

ဒါကို ဟက်ကာ တစ်ယောက်ဟာ တစ်ယောက်ယောက်ဆီပို့လို့ရအောင် ၁၀ စက္ကန့်အတွင်း
လုပ်ယူလို့ရပါတယ်။ ဒါဆိုရင် netbuserver.exe ပါနေတဲ့ chess.exe ကို
နှိပ်လိုက်ရင် စာဖတ်သူကွန်ပျုတာ ပေါ်မှာဖွင့်လိုက်ရင် ဘာဖြစ်မလဲ။

အဖြေကတော့ chess game က ပုံမှန်အတိုင်းပဲ ပွင့်လာပါလိမ့်မယ်။ ဒီအကြိမ်မှာတော့
စာဖတ်သူက သံသယဖြစ်မှာ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့မိမိထင်တဲ့အတိုင်း
ပေါ်လာလို့ပါ။ ဒါပေမဲ့ မိမိ မသိလိုက်တာကတော့ chess game ပွင့်လိုက်တဲ့
အချိန်မှာပဲ netbuserver.exe ကိုတစ်ခါတည်း သွင်းပြီးသားဖြစ်ပါတယ်။

Trojan ဖြင့် ထိခိုက်ခံရတဲ့ ကွန်ပျုတာဟာ ဒီ အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပါလိမ့်မယ်။

Username : ဟက်ကာတွေက စာဖတ်သူကို ခေါ်တဲ့ Nickname ပါ။
IP Add : မိမိ ကွန်ရက်ကို ဆက်သွယ်ရင်ရတဲ့ လိပ်စာပါ။
Status : စာဖတ်သူ Online လား Offline လား ကို ဟက်ကာကို အသိပေးနိုင်ပါတယ်။

ဒါကြောင့် Dial Up ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကွန်ရက်နှင့် ချိတ်ဆက်မှုရှိတာနဲ့
Program က သူ့ဘာသာသူ အသိပေးမှာပါ။မိမိက ဒါတွေဘယ်လိုဖြစ်နိုင်မလဲ
မေးခွန်းရှိပါလိမ့်မယ်။ အပေါ်မှာ ဖေါ်ပြထားတာက ဘယ်လိုထိန်းချုပ်နိုင်လဲထဲက
နည်းလမ်းတစ်ချို့ပါ။

ခုဆက်လက်ရေးမှာကတော့ ဟက်ကာတွေကမိမိဆီ trojans တွေဘယ်လိုပို့နိုင်လဲ ဆိုတာပါ။

News Group

မြန်မာပြည်က လူတွေကတော့ အသုံးပြုတဲ့လူရှားမှာပါ။ Articles တွေကို Newsgroup မှာတင်ပြီး
Attachment တွေကို ဖွင့်ကြည့်ရန် လိမ်လှည်ထားခြင်း

Forums

ဒါကတော့ အထူးတလည် ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာဆိုင်ဘာမှာတော့
ဒါတွေမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ကျွှန်တော်သုံးတဲ့တစ်ခြား Forums တွေမှာ
တစ်ချို့ user တွေက စကားလုံးတွေ Link တွေရဲ့ နောက်မှာ Injection Code
တွေလက်တည့်စမ်းပြီး ထည့်ထားပါတယ်။

Chat Channels (IRCs) and Instand Messengers (IMs such as GTlak, MSN, Jabbers, and Yahoo)

တစ်ချို့ Chat Server တွေမှာ Join တာနှင့် File Name.exe၊ File Name.jpg.vbs
ဆိုပြီး File တွေ မိမိကွန်ပျုတာကို ပို့ခံနိုင်ရပါတယ်။ သတိမထားမိတဲ့
အချိန်မှာ နှိပ်မိသွားနိုင်ပါတယ်။ IMs တွေကတော့ ခုချိန်မှာ
အများဆုံးပို့တဲ့ နေရာတွေပါ။ ဝမ်းနည်းဖို့ကောင်းတာက စစ်တမ်းတစ်ချို့အရ 80%
အသုံးပြုသူတွေဟာ သတိမထားမိပါဘူး။ ဥပမာ အနေနှင့် thayetmyo ဆိုပြီးလား Gtalk
ကနေ ပြန့်တဲ့ Vrius လား၊ Worm လား၊ မသိခေတ်စားလိုက်ပါသေးတယ်။
ကျွှန်တော်ကတော့ တစ်ခါမှ မခံရတော့ ဘာအမျိုးအစားလဲ မသိလိုက်ပါဘူး။

Email

ဒါကတော့ ကျွှန်တော် အထူးတလည် မပြောတော့ပါဘူး။

Unsafe Web Sites

တစ်ချို့ Official မဟုတ်တဲ့ site တွေမှာ အများဆုံးတွေ့ရပါတယ်။ အဲလိုမျိုး Site ကနေ
Download လုပ်လိုက်တဲ့ file တွေကို ဂရုထားသင့်ပါတယ်။

[HIGHLIGHT=#000000]စကားချပ် - မပူပါနဲ့ ဒီမှာ Cracked Software တွေ ဒိုင်ခံတင်ပေးတဲ့ ကိုဖက်ဆီ၊
ကိုကောင်း၊ ကိုကောင်လေး နှင့် ဘဘဗိုင်းရပ်စ်တို့ အရင်ခံရမှာပါ။ [/HIGHLIGHT][HIGHLIGHT=#000000] [/HIGHLIGHT]

မြင်တဲ့အတိုင်း ဒါကဖြန့်ဝေလို့ရတဲ့ နည်းတွေထဲက တစ်ချို့ပါ။ အဲ နောက်ဆုံး
ကျွှန်တော်စဉ်းစားမိတာကတော့ Social Networking Sites တွေကပါ။ ဥပမာ
Friendster, Facebook, and My Space လိုမျိုးတွေကပါ။ ဟိုတစ်လောတုန်းကတောင်
ဘော်ဘော်တစ်ယောက်ရဲ့ ကောင်မလေးစက် Friendster ကနေ တစ်ဆင့် Injected
လုပ်ခံရတာကို မှတ်မှတ်ရရ Clean ပေးလိုက်ရပါသေးတယ်။


အခန်း ၃ - လက်ခံလျှင် အန္တရာယ်နည်းသောဖိုင်များ
-----------------------------------------------------
အရင် အခန်းကိုဖတ်ပြီး ဘယ်လို ဖိုင်လ်အမျိုးအစားတွေကို လက်ခံလို့ရမလဲ
အမေးရှိနေပါကြမယ်။ အကုန်လုံးမဖြေဆိုနိုင်ပေမဲ့ တတ်နိုင်သမျှ ကြိုးစားပြီး
ဘယ်ဖိုင်လ်အမျိုးအစားတွေက အန္တရာယ်နည်းလဲ ပြောပြပါ့မယ်။

ပုံမှန်ဖိုင်လ်အမျိုးအစားများနဲ့ ဘယ်လိုဖိုင်လ်အမျိုးအစားတွေက .exe (Executable) အမျိုးအစားတွေနဲ့ မလာသင့်ဘူးဆိုတာ ယှဉ်ပြသွားပါမယ်။

ဓါတ်ပုံများ

Email တွေသုံးနေကြ Online မှာ Chat နေကြတဲ့ ခင်တဲ့သူအချင်းချင်း ဓါတ်ပုံလေးတွေ
IRC Channels တွေကပဲဖြစ်ဖြစ်၊ IMs တွေကပဲဖြစ်ဖြစ်၊ Email ကပဲဖြစ်ဖြစ်
ပို့ကြမှာပါပဲ။ အကယ်၍ ဓါတ်ပုံလေးတွေရရှိခဲ့ရင် ဒီ Format (mypic
_x.exe) နဲ့ မဟုတ်ရင် ကောင်းပါတယ်။ ဟုတ်ရင်တော့ ထိုလိုမျိုး .exe
နဲ့ဆုံးသောဖိုင်လ်ကို မဖွင့်ခင် Virus Scanner နဲ့ အရင်စစ်သင့်ပါတယ်။

ပုံတွေဆိုရင် ဒီလိုမျိုး Extensions မျိုးတွေနဲ့အများဆုံးလာပါတယ်။

1. Bmp (Bitmap (For Example: demohunter.bmp))
2. Jpg (JPEG (For Example: demohunter.jpg))
3. TIFF (Tag Image File Format (For Example : demohunter.tiff))
4. Gif (Graphics Interchange Format (For Example : demohunter.gif))

ဒါတွေက တရားဝင် Image Extensions များဖြစ်ပါတယ်။ ဓါတ်ပုံဆိုပါက အထက်ပါ Extension
ထဲက အချို့နှင့်ပဲ လာသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ .exe နှင့်အဆုံးသတ်သော
ဓါတ်ပုံဟုပြောပါက သတိထားပြီး Virus Scanner

နှင့်စစ်သင့်ပါတယ်။ ကိုယ်မသိသော Extension ဖြစ်ပါက Extension ကိုမှတ်ပြီး Google တွင် ရှာဖွေနိုင်ပါသည်။

Text Files

အင်တာနက်ပေါ်မှာရှိတဲ့ Information Documents အကုန်လုံး ဒီထဲက ဖော်ပြထားတဲ့ အမျိုးအစားများနဲ့
လာကြပါတယ်။ Text File ဆိုသည်မှာ Word Processor Software (သို့) Text
Editor ထဲမှာ စာစီထားသော သတင်းအချက်အလက်

မှတ်တမ်းများဖြစ်ပါသည်။

၁. Doc and DocX (Microsoft မှ အသုံးပြုသော Document Format ဖြစ်ပါသည်။ ဥပမာ ဒီမိုဟန်တာ.doc)
၂. TXT (အရိုးရှင်းဆုံး Document အမျိုးအစားဖြစ်ပါသည်။ Notepad နှင့် သိမ်းပါက ရသော အမျိုးအစားဖြစ်ပါသည်။)
၃. PPT (Microsoft Powerpoint ဧ။် အမျိုးအစားဖြစ်ပါသည်။)
၎. RTF (Rich Text Format သည် Word Pad နှင့် သိမ်းပါက ရပါသည်။ အခြေခံ စာစီစာရိုက် ကောင်းကောင်းလုပ်နိုင်ပါသည်။)

အထက်ပါ ဖော်ပြပါ အမျိုးအစားသည် စိတ်ချရသော Text File အမျိုးအစားများဖြစ်ပါသည်။
ဒါပေမဲ့ အရိုးသားဆုံး ဝန်ခံရပါက Text File
သည်ပုံစံမျိုးစုံနှင့်လာနိုင်ပါသည်။ ဒါပေမဲ့ Text File ဆိုပါက ဒီလို
Extension မျိုးနှင့်မလာသင့်ပါ။

ဥပမာအားဖြင့်

၁. <demohunter>.com
၂. <demohunter>.exe
၃. <demohunter>.doc.vbs တို့လိုမျိုးဖြစ်ပါသည်။

တစ်ယောက်က Document File ဟုပြောပါက အထက်ပါ ပုံမျိုးကဲ့သို့ မလာသင့်ပါ။ ထို့အပြင်
နောက်ဆုံးဥပမာမှာ ပြထားသကဲ့သို့ ဘယ်ဖိုင်လ်မျိုးမှ Extension
နှစ်ခုနှင့်မလာသင့်ပါ။ ထို့သို File မျိုးတွေ့ပါက virus scanner
နှင့်စစ်ခြင်း၊ ဖွင့်မကြည့်ခြင်း တို့လုပ်သင့်ပါတယ်။ မိမိသည်
ဘယ်လိုဖိုင်အမျိုးအစားလဲ မသိပါက လုံးဝမဖွင့်သင့်ပါ။ ဖွင့်ဖတ်ရမည်ဆိုပါက
Google တွင်ဘယ်လိုဖိုင်လ် အမျိုးအစားလဲဆိုတာ အရင်ရှာဖွေသင့်ပါတယ်။

ပြီးခဲ့သော အခန်းများတွင် မိမိကွန်ပျုတာဧ။် လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍
ဝင်ရောက်နိုင်ပုံ၊ သာမန်ဖိုင်လ်တွေကို အန္တရာယ်ရှိသောဖိုင်လ်များနှင့်
ပေါင်းစပ်နိုင်ပုံ၊ ထိုရောဂါပိုးဖိုင်လ်များကို မိမိ ဆီရောက်အောင်
ဘယ်လိုလိမ်လှည်ပို့နိုင်ပုံ တို့ကို ရှင်းပြပြီးသွားပါပြီ။

0 comments:

Post a Comment